တကယ်ရော ဟုတ်ရဲ့လား

Posted by ဘိုဘို On 04 May 2009 1 comments
မနေ့တနေ့က စင်္ကာပူက သူငယ်ချင်းတယောက် ပြောပြတဲ့ ဇတ်လမ်းလေးတပုဒ်ကို ပြန်ပြီးပြောပြချင်ပါ
တယ်။ စင်္ကာပူက မြန်မာမိန်းကလေး တချို့ရဲ့အကြောင်းကိုပါ.. သူပြောပြတာက အခုစလုံးက မြန်မာ
မိန်းကလေးတွေ တော်တော်လေးပြဿနာတက်နေတယ်တဲ့ အဲဒါနဲ့ ကျွန်တော်ကလည်းဘာလို့လည်း
လို့ မေးလိုက်တော့... သူက မင်းသိတဲ့အတိုင်းပဲလေတဲ့.. စလုံးက မြန်မာမတွေက ငါတို့မြန်မာကောင်
လေးတွေဆိုရင် စာရင်းသွင်းချင်ကြတာမဟုတ်ဘူးတဲ့.. သူပြောတော့လည်း ဟုတ်တော့ဟုတ်ပါတယ်..
ကျွန်တော်စရောက်ကတည်းက သတိထားမိပါတယ်.. တချို့ကောင်မလေးတွေက လမ်းမှာမြန်မာအချင်း
ချင်းတွေ့ရင် မသိချင်ယောင်ဆောင်ကြပါတယ်.. ဇတ်လမ်းကို ဆက်ပြောပါမယ်.. အဲထဲကမြန်မာမတ
ယောက်ကစလုံးကောင်နဲ့ရည်းစားဖြစ်ပါလေရောတဲ့..ရည်းစားဖြစ်ပြီးသိပ်မကြာပါဘူး.. စလုံးကောင်က
အဲကောင်မလေးနဲ့ အအေး အတူတူသောက်ရင်း အအေးထဲကိုစိတ်ကြွဆေးထည့် လိုက်တယ်တဲ့.. ကောင်
မလေးကသောက်ပြီးတော့ ဆေးပြားအရှိန်ကြောင့် ဘာမှမသိတော့တဲ့အချိန်မှာအဲကောင်က ကောင်မလေး
ကို ပန်းခြံထဲကိုခေါ်သွားပါလေရောတဲ့.. အချိန်ကလည်း နေ့လည်ခင်းကြီးတဲ့.. နောက်ပန်းခြံရောက်တော့
စလုံးကောင်က ဖုန်းဆက်ပြီး သူ့သူငယ်ချင်း (၃)ယောက်ကိုပါလှမ်းခေါ်လိုက်တယ်တဲ့.. နောက်သူ့သူငယ်
ချင်းတွေရောက်လာတော့ ကောင်မလေးကို အဓ္ဓမပြုပါလေရော.အဲလိုလုပ်တာကို ကျန်တဲ့သူငယ်ချင်းတ
ယောက်က ဗီဒီယိုရိုက်ထားတယ်တဲ့။ (၃)ယောက်လုံးလည်းပြီးရော. ကောင်မလေးကို သူနေတဲ့နေရာကို
ပြန်လိုက်ပို့ပေးလိုက်တယ်တဲ့.. နောက်တနေ့တွေ့တော့ သူတို့ရိုက်ထားတဲ့ ဗီဒီယိုကိုပြပြီး ငွေညစ်ပါလေ
ရောတဲ့.. အော် အနိုင်လည်းကျင့်ခံရသေးတယ်... ငွေလည်းညစ်ခံရသေးတယ်တဲ့.. မြန်မာမလေးမှာ ဘာ
လုပ်လို့လုပ်ရမှန်းကို မသိဖြစ်နေတယ်တဲ့.. တိုင်းတပါးသားကိုမှ အထင်ကြီးတဲ့ မြန်မာမိန်းကလေးတွေအခု
ဆို တော်တော်လေး ခက်ဖြစ်နေတယ်လို့လည်းပြောပါတယ်။ ဒီဇတ်လမ်းကို စင်္ကာပူက ကျွန်တော့်သူငယ်
ချင်းက ပြောပြခြင်းဖြစ်ပါတယ်။ တကယ်မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းမိပါတယ်..

1 comments to တကယ်ရော ဟုတ်ရဲ့လား

  1. says:

    mirror ခက်တာပဲ..ခက်တာပဲ..။