နာဂစ်တနှစ်ပြည့်...

Posted by ဘိုဘို On 03 May 2009 0 comments
မနေ့ညကဆိုရင်.. နာဂစ်မုန်တိုင်းတိုက်တာ (၁)နှစ်ပြည့်မြောက်တဲ့နေ့လည်းဖြစ်ပါတယ်။မုန်တိုင်း တိုက်
တုန်းက ကျွန်တော်ဒီမှာ မရှိပေမယ့် မုန်တိုင်းတိုက်မယ်ဆိုတဲ့ သတင်းတွေကိုတော့ ကျွန်တော်တို့ ရောက်
နေတဲ့ဆီကနေ သိနေရ ပါတယ်။ (၂)ရက်နေ့ညမှာတိုက်ပြီးတော့ နောက်ရက်တွေမှာ မုန်တိုင်းကြောင့်
ပျက်စီးနေတဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးကို မြင်တော့ ကျွန်တော့်စိတ်ထဲမှာ ဒါဟာ ငါတို့ ရန်ကုန်မြို့မှ
ဟုတ်ပါရဲလားလို့တောင် ပြန်တွေးမိတယ်။ နောက်သူငယ်ချင်းတွေ ပို့ပေးလို့ ဧရာဝတီ တိုင်းဘက်က ဓါတ်
ပုံတွေကိုမြင်ရတော့ အရမ်းကိုဝမ်းနည်းကြေကွဲဖို့ကောင်းတဲ့ ဓါတ်ပုံတွေကို တွေ့ရပါတယ်။ တချို့ပုံတွေမှာ
မောင်နှမ(၃)ယောက် မုန်တိုင်းထဲလွင့်မပါသွားရအောင် တယောက်ကိုတယောက် ကြိုးနဲ့ချည်ထားလျှက်နဲ့
အသက်ဆုံးရှုံးသွားတဲ့ ပုံတွေကို မြင်ရတော့ ရင်ထဲမှာ တကယ်ကို ခံစားရပါတယ်။ စိတ်ထဲမှာလည်း အ
တော်စိတ်မကောင်းဖြစ်မိပါတယ်။ အဲအချိန်မှာ ကျွန်တော်တို့က အားလုံးအခြေအနေကောင်းပါစေလို့ ဆု
တောင်းပေးနေရုံကလွဲလို့ ဘာမှမကူညီနိုင်သေးဘူးလေ။ နောက်ပိုင်းမှာ ကျွန်တော်တို့ သူငယ်ချင်းတွေက
စုပြီးလေဘေးဒုက္ခသည်တွေကို ကူညီတယ်ဆိုတဲ့ သတင်း တွေ၊ နောက် Eleven ဂျာနယ်မှာလေဘေးဒုက္ခ
သည်တွေအတွက် Cyclone Shutter တွေကို ဆောက်လုပ်လှူဒါန်းမယ်ဆိုတာတွေ စသဖြင့်ပေါ့... ဒုက္ခ
ရောက်နေတဲ့ လူတွေကို ကူညီတဲ့ သတင်းတွေကို ကြားရတော့ ကျွန်တော်တို့ စိတ်ထဲမှာ ကူညီတဲ့လူတွေကို
အရမ်းလေးစားမိသလို သူတို့လိုလုပ်ပေးချင်စိတ်တွေဖြစ်လာတာကတော့ အမှန်ပါပဲ။ အခြေအနေအကြောင်း
ကြောင်းကြောင့် လူကိုယ်တိုင်မပါဝင်နိုင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ သူငယ်ချင်းတွေ စုပေါင်းပြီးငွေ
အင်အားနဲ့ ပါဝင်အားဖြည့်ခဲ့ပါတယ်။ နောက်ဘုန်းကြီးကျောင်းမှာ ဒုက္ခသည်တွေအတွက် ဆုတောင်းပွဲတွေ
လုပ်ခဲ့ကြပါတယ်။ နောက် ကျွန်တော်ရန်ကုန်ကို ပြန်ရောက်တော့ လေယာဉ်ကွင်းက အထွက်မှာပဲ မုန်တိုင်း
ဒဏ်ကိုခံခဲ့ရတဲ့ ရန်ကုန်မြို့ကြီးရဲ့ မြင်ကွင်းကို မျက်ဝါးထင်ထင်တွေ့လိုက်တော့ ကျွန်တော်တို့ အစ်ကိုတ
ယောက်က မုန်တိုင်းဒဏ်ကြောင့် ပျက်စီသွားတဲ့ ရန်ကုန်မြို့ကို ခိုင်းနှိုင်းပြော ခဲ့တဲ့ စကားကိုပြန်ကြားယောင်
တော့ သူပြောတာ တကယ်မှန်ပါလားဆိုပြီး တွေးမိလိုက်တယ်။ သူ ရန်ကုန်မြို့ကို ခိုင်းနှိုင်းခဲ့တဲ့စကားက
" ဒဏ်ရာများနှင့်မြို့တော်" တဲ့။ တကယ့်ကို ဒဏ်ရာ၊ ဒဏ်ချက်ပေါင်းများစွာနဲ့ ပျက်စီးနေတာကို တွေ့ခဲ့ရပါ
တယ်။ အခုဆိုရင် နာဂစ်မုန်တိုင်းတိုက်တာ (၁)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ.. (၁)ရက်နေ့ညမှာ ကျွန်တော်တို့
သူငယ်ချင်းတွေ စုပြီးစကားပြောဖြစ်ခဲ့ပါတယ်။ အဲထဲမှာ နောက်တခါ ဒီလိုမျိုးအဖြစ်ဆိုးနှင့် ဘယ်တော့မှ
ထပ်မကြုံရပါစေနဲ့လို့.. နာဂစ်ကြောင့် အသက်ဆုံးရှုံးသွားတဲ့ ကျွန်တော်တို့ရဲ့ ညီ၊ အစ်ကို၊ မောင်နှမတွေ..
အသက်ကြီးရွယ်အိုတွေကိုလည်း ကောင်းရာမွန်ရာ ဘ၀ကိုရောက်ပါစေလို့ ဆုတောင်းနေမိပါတယ်။ တချို့
ဘလော့ဂ်က အစ်ကိုတယောက်ဆိုရင်.. တနှစ်ပြည့်ဆုတောင်းကြတာကိုကြည့်ရင်း သူတောင်မျက်ရည်ကျမိ
တယ်လို့ ပြော ပါတယ်။ ကျွန်တော်ကတော့ "အကြင်နာလက်များဖြင့် ဖေးကူပါ" ဆိုတဲ့သီချင်းကို ဘယ်အချိန်
နား ထောင်နားထောင် စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။

0 comments to နာဂစ်တနှစ်ပြည့်...