ဘလော့တခုလုပ်ဖို့အရေး... ကျော်လိုက်ရတဲ့ Proxy တွေ... ကွန်နက်ရှင်ကလည်းကျတော့ တော်တော်
လေးကို အချိန်ယူပြီးစောင့်လုပ်လိုက်ရတယ်... အစက Wordpressကို လုပ်မလို့ပဲ.. Wordpress ကို
တောင် Download လုပ်ပြီးသွားပြီ၊ Download လည်းလုပ်ပြီးကော Firefox မှာ Wordpress ကို
Upload လုပ်ဖို့ Fire FTP ကို Downloadလုပ်တော့ ဘယ်လိုမှ Download လုပ်လို့မရဘဲဖြစ်နေတယ်..
အဲဒါနဲ့ တေဇာ ကိုGtalk မှာမေးကြည့်တော့ Myanmar ISP က Fire FTP ကို Support မလုပ်ပေးဘူးတဲ့
အဲဒါနဲ့ပဲ ကျွန်တော်လည်း ဒီဘလော့ကိုပဲ ကျော်ခွပြီး ဘလော့ တခုဖြစ်လာဖို့ မနည်းကိုအချိန်ကုန်ခံပြီး
စောင့်လုပ်လိုက်ရတယ်.. နောက် ညပိုင်း Connection ကောင်းမှပဲ ဘလော့မှာ ထည့်စရာရှိတာလေးတွေ
ပြန်စရာရှိတာလေးတွေကို ပြန်လိုက်ပါဦးမယ်..အခုတော့ ဇက်တော်တော်ညောင်းလာလို့ အိမ်ပြန်ပြီး အ
နားယူလိုက်ပါဦးမယ်.. သိတယ်မှတ်လား မြန်မာနိုင်ငံက Connection အကြောင်းကိုလေ.. ပုံပြင်လေးတ
ပုံတောင်ရှိသေးတယ်..
"ဟိုတနေ့က လိပ်နှင့် မြန်မာနိုင်ငံမှ Internet Connection တို့ အပြေးပြိုင်ကြရာ လိပ်ကစက္ကန့် (၃၀) အ
သာဖြင့် ပန်းဝင်သွားသဖြင့် ကျွန်တော်တို့ရဲ Connection ကြီးဟာ မာန်မလျှော့ပဲ မနေ့က ပက်ကျိ နှင့်ထပ်
ယှဉ်ပြိုင်ရာ ပက်ကျိက စက္ကန့် (၂၅) အသာဖြင့် ပန်းဝင်သွားရာ အရှက်တကြီးဖြစ် ခဲ့ရပါတယ်.. ထိုအရှက်
ကို ဖြေသိမ့်နိုင်ဖို့ မနက်ဖြန်တွင် ခရုနှင့်ယှဉ်ပြိုင်ဖို့ ချိန်းဆိုလိုက်ကြောင်းသိရှိရပါတယ်"
ဘယ်သူနိုင်မယ်ထင်လဲ ...း)
2 comments to ဘလော့ဖြစ်လာဖို့အရေး....
-
mirror C box ကမမြင်ရဘူးဟ။ကိုးနတ်ရှင်ကြောင့်နေမယ်..။
နင် ဘလော့ပြန်လုပ်တော့ အားရှိလာပီ။
Than Yaw Zinိိနိုင်အောင်လုပ်တဲ့ နည်းတွေရှိပါတယ်... သိတယ်မလား? :DDD