
အခုဆိုရင် မန်ချက်စတာယူနိုက်တက်က တောင်ပံကစားသမား ရော်နယ်ဒိုလ်ဟာ မန်ယူကနေ ရီးရဲယ်ကို
ယူရိုသန်း(၈၀)နဲ့ ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အခုချိန်မှာတော့ တချို့မန်ယူပရိတ်သတ်တွေ ၀မ်းနည်း
နေပေမယ့် ကျွန်တော်ကတော့ ၀မ်းမနည်းပါဘူး.. ဘာလို့လဲဆိုတော့ မန်ယူမှာ သူမရှိတော့လို့ ဘာမှမဖြစ်
ပါဘူး.. သူမရှိလည်း မန်ယူရဲ့အရှိန်အ၀ါက ကျဆင်းသွားမှာမဟုတ်ပါဘူး.. အရင်တုန်းကလည်း ဘက်ခမ်
ကိုရောင်းထုတ်လိုက်တော့ အသင်းမန်နေဂျာ ဖာဂူဆန်ကို အပြစ်တွေတင်ခဲ့ကြပါတယ်.. ဒါကို ဖာဂူဆန်က
ဘက်ခမ်မရှိလည်း ဖြစ်တယ်ဆိုတာကို လက်တွေ့မှာ အကောင်အထည်ဖော်ပြခဲ့ပါတယ်.. အခုလည်း
ရော်နယ်ဒိုလ်မရှိတော့ပေမယ့် နောက်ထပ် ရော်နယ်ဒိုလ်ထက် ကောင်းလာမယ့်ကစားသမားကို ရှာဖွေပြီး
မွေးထုတ်ပေးအုန်းမှာ အသေအချာပါပဲ.. ဒါကြောင့် မန်ယူမှာ ရော်နယ်ဒိုလ်မရှိတော့ပေမယ့်လည်း ကျွန်
တော်တို့ အားပေးတဲ့ မန်ယူအသင်းက ပျက်စီးသွားမှာ မဟုတ်ပါဘူး.. ဒါပေမယ့် မန်ယူအသင်းဆွတ်ခူးခဲ့
တဲ့ ဖလားတွေမှာ သူရဲ့ဂိုးတွေနဲ့ အထောက်အပံ့ပေးခဲ့တဲ့ ရော်နယ်ဒိုလ်ကို ကျေးဇူးအထူးတင်ပါတယ်...
ရီးရဲယ်မှာလည်း မန်ယူမှာပြခဲ့တဲ့ ခြေစွမ်းတွေကို ပြသနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
mirror အေးလေ...နေပါစေ..သွားပေါ့...
ဝမ်းမနည်းပါဘူး...ဒါမယ့် ငွေမယ်တယ်လို့တော့ ထင်တယ်.