ဟိုတနေ့က ကြားလိုက်ရတဲ့ စကားပါ။ တော်တော်ရီရလို့ ပြန်ဖောက်သည်ချလိုက်ပါတယ်။ ဘာလဲဆိုတော့
ကျွန်တော်တို့ လမ်းနားက ကောင်မလေးကိုလာကြောင်နေတဲ့ မြန်မာလူငယ်လက်ရွေးစင် နှင့် ယခု ပရိုလိဂ်
အသင်းတသင်းမှာ ကန်နေတဲ့ ဘောလုံးသမားလေးပြောတဲ့စကားပါ။ သူက သူလာကြောင်နေတဲ့ကောင်မ
လေးကို ဘာပြောလဲဆိုတော့ အခုသူပရိုလိဂ်ကအသင်းမှာကစားတာ လစာငွေ(၁၀)သိန်းရတယ်လို့ပြောပါ
တယ်တဲ့။ ဟိဟိ။ အဲဒီစကားကို ကျွန်တော်တို့ ကြားတော့ တော်တော်လေးကို ရီချင်စိတ်တွေပေါက်သွားပါ
တယ်။ (၁၀)သိန်းတဲ့။ အော်.. ကောင်လေးရယ်.. ကြောင်တာကလည်း ကြောင်ပေါ့ကွာ။ ၀မရှိပဲ ၀ိလုပ်ချင်
နေတယ်။ အရှိကိုအရှိအတိုင်း ဘာလို့မပြောချင်တာလဲ။ ဒီလောက် မြန်မာလက်ရွေးစင်မှာ ဒေါင်ဒေါင်မြည်
နေတဲ့ စိုးမြတ်မင်းတို့၊ မျိုးမင်းထွန်း တို့တောင် လစာ(၁၀)သိန်းပဲရတာကို.. တချို့လက်ရွေးစင်အဆင့် (က)
မှာ ပါတဲ့သူတွေတောင် လစာ(၁၀)ရတာ ခပ်နည်းနည်းကို.. သူက လူငယ်လက်ရွေးစင်ကို ဘယ်လိုလုပ်ပြီး
(၁၀)သိန်းရတာလဲ။ မင်းကြောင်တဲ့ ကောင်မလေးက ဘောလုံးအကြောင်း မသိတဲ့လူမို့လို့ပေါ့ကွာ..
နားလည်တဲ့မိန်းကလေးမျိုး »» ဥပမာ.. Mirror [ဖိုးဒီ] «« လိုလူမျိုးနဲ့သာ မင်းတွေ့ရင် မင်းတော့ ဂွမ်းပြီ။
သတိလေးထားပြီးတော့ လှုပ်ရှားပေါ့.. စေတနာနဲ့ပြောတာပါ...
P.s
သူအခုကစားနေတဲ့ ပရိုလိဂ်က အသင်းနာမည်ကိုတော့ ထည့်မရေးပေးထားပါဘူး။ မကောင်းတတ်လို့ပါ။
2 comments to ၀မရှိပဲ ၀ိမလုပ်ပါနဲ့ကွာ
-
MYO HAN HTUN ၁ဝသိန်းဆိုတာက ဘေးပေါက်တွေနဲ့ လောင်ကြေးတွေပါပုံရတယ် .. သူကိုယ်တိုင် ဒိုင်ကိုင်လို့လားမသိဘူး .. ၁၀သိန်းဆိုတော့ .. ဟီး ဟီး ဟီး
Mirror ဟေဟေ့...တွေ့ တွေ့လိုက်ချင်းသေးတော့တယ်..။
ဒါမယ့်..ဒီလိုတွေလဲ ဖြစ်တတ်ပါတယ်ဟယ်..။
မိန်းကလေးတွေ အညာခံရတာလေ။