We lost our water festival icon ( U Zaw Wan Died)

Posted by ဘိုဘို On 13 August 2009 3 comments


ကျွန်တော်တို့ရဲ့ သင်္ကြန်မင်းသားကြီး ဦးဇော်ဝမ်းဟာ ၁၂.၈.၂၀၀၉ ည(၈း၃၀)အချိန်မှာ အသည်းရောဂါနှင့် ဆုံးပါးသွား
ကြောင်း (ကိုသင်ကာ)ပြောလို့သိရှိရပါတယ်။ ဒီသတင်းကို ကြားရတဲ့အတွက် စိတ်ထဲမကောင်းဖြစ်မိပါတယ်။ သူ့နေရာ
မှာ ဘယ်သူနဲ့မှ အစားထိုးလို့မရသလို သူ့လို သင်္ကြန်မင်းသားကြီးမျိုးကို နောင်တော်တော်နှင့် အစားထိုးမရနိုင်လောက်
ပါ။ ကိုသင်ကာရေးထားသလို ကျွန်တော်တို့ရဲ့ သင်္ကြန် အိုင်ကွန်းတခု ဆုံးရှုံးလိုက်ရပါပြီ.. ဦးဇော်ဝမ်းတယောက် ကောင်းရာ သုတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..


ဒီလိုပဲနေကြတော့မှာလား

Posted by ဘိုဘို On 10 August 2009 3 comments

ဒိန်း…ဒိန်း… အပေါက်တွေ … ချိုင့်တွေ.. ဒိန်း…ဒိန်း…

ကားကလည်းချိုင့်တွေတောင် မရှောင်ဘူးဆော်တာပဲ.. ဒိန်း.. လုပ်ပြန်ပြီ ဒိုင်နာဆိုတော့ တောက်ရမ်းကိုမောင်း
တော့တာပဲ ပြုတ်ကျမှာတောင်စိုးရသေး။ လူတွေကလည်းများလာလိုက်တာ.. "အနံတွေကလည်းမကောင်းဘူး..
တိုးလိုက်တာကွာ ဘယ်လိုပြန်ပြောလိုက်ရမယ်တောင်မသိဘူး ဘယ်လိုများဖြစ်နေကြလဲမသိဘူး. တောက်ရမ်း
ကိုတိုးနေတော့တာပဲ" သူလှည့်ကြိုက်တယ် ဘယ်လိုလူလည်းပေါ့ဆိုတဲ့ အကြည့်မျိုးနဲ့.. "ပုံစံကတော့အတော်ကို
စိတ်ပျက်စရာပဲ ကြည့်ချင်စရာကိုမရှိဘူး အသားကမွဲမွဲ ၀တ်ထားတာကလည်း ကဗိုကယိုနဲ့ ... ကဗိုကယိုဆိုတာ
ထက် သူခိုးကျပိုးရုပ်ပေါက်တယ်။ ဒါပေမဲ့ဒီလူကြည့်တာ စည်ပင်ရုံးဝန်ထမ်းတယောက်ပုံပဲ.. ဟွန်း စိတ်ပျက်ပါတယ်
ကွာ ငါလည်းဘာတွေတွေးနေပါလိမ့်"လို့စိတ်ထဲကရေရွတ်လိုက်မိပြီး လမ်းမပေါ်ကိုပဲ ဘတ်စ်ကားတန်းတိုင်အောက်
ကနေ ခေါင်းငုတ်ပြီးအပြင်လေရှုရင်းကြည့်နေမိတယ်… သိမ်ကြီးဈေး မီးပွိုင့်နားရောက်နေပြီပဲ… လမ်းမပေါ်က လူ
ငယ်လေးသုံးယောက်၊ အ၀တ်ကတော့ အပေါ်ပိုင်းမပါ၊ အောက်ပိုင်းတော့ အတော်ဖန်တီးထားပုံရတယ် တယောက်
ကတော့ ဗိုက်ရွှဲရွှဲနဲ့၊ သံကောင်ဗိုက်နဲ့ (ဖောင်းနေလိုက်တာ) တောင်းစားနေတဲ့လူငယ်လေးတစုကို တွေ့နေရတာစိတ်
မကောင်း၊ အခုတလောတောင်းစားသူတွေ၊ ဆေးဖိုးလေးမပြည့်လို့ ငါ့တူကြီးရယ် (၈၀၀)လောက်လှူသွားပါအုံး၊ ဦး
လေးတို့ မြေးအဖိုးနှစ်ယောက် ဘတ်စ်ကားခမရှိလို့… ဆိုတာတွေ တော်တ်ေတွေ့လာရတယ်။ တောင်းစားတယ်ဆိုလို့ 
သူ့ အတွေးထဲဝင်လာတာက ဟိုနေ့က လက်ဖက်ရည်ဆိုင်ကသူ့အဖြစ်… ကိုယ်ကြီးတို့ရယ်(အယ်…ဟုတ်ပါဘူးမှားလို့ 
ကိုကြီး…ဂလု) ထမင်းဖိုးလေးသနားကျပါ ထမင်းလည်း မစားရသေးလို့ပါ.. ကိုကြီးတို့ရယ်.. ဘာရယ်ပေါ့.. မျက်နှာ
ကတော့သနားကမားနဲ့ပဲ စိတ်ထဲကတော့ ပိုက်ဆံပေးလိုက်မလို့ပဲ (သူကအဲလိုတောင်းသူတွေကိုပေးလေ့မရှိ).. ၀ိုင်း
ထိုင်နေတဲ့သူတွေနဲ့ စကားကလည်းမပျက်၊ မျက်လုံးချင်း အကြည့်ပျက်မှာစိုးတာရယ်… စကားပျက်သွားမှာစိုးတာနဲ့…
လက်ပဲခါပြလိုက်ရတယ်… အဲတော့မောင်မင်းကြီးသာက ဘာပြောတယ်မှတ်လဲ.. ကြည့်လိုက်ရင်အဲလိုပဲ ဒါတွေပဲ တ
နေ့တနေ့ပြောနေကြတာပဲ.. ပိုက်ဆံတောင်းလိုက်ရင် လက်ခါပြမယ်သူတို့တော့စားနေလိုက်တာ… လူစိတ်ကိုမရှိကြ
ဘူး ဘာညာဆိုပြီး သူတို့၃ယောက်ကို ဟောက်သွားလေရဲ့။ သူ့မှာ ပါးစပ်အဟောင်းသားလေး နဲ့ကျန်ခဲ့ရရှာတယ်…
အော်မလွယ်ပါလား…လူတွေကသူတို့လဲတပါးသူဥစ္စာတောင်းသေး မပေးတော့ ပိုင်ရှင်အမှားပါလားနော်။ သူတို့တိုင်း
ပြည်ကအဲလို…စာရေးသူတို့တိုင်းပြည်နဲ့ကွာပါ့..

ခဏနေတော့ လသာဂိတ်ပေါ့လူတွေကလည်း မတရားကြီးကျပ်လာတော့ရှေ့က ဒေါ်လေး တစ်ယောက်ကသူ့လက်
ထဲကချိုင့်ပေးပေါ့၊ သူကိုင်ပေးမယ်ပေါ့ အဲတာနဲ့ သူလဲ ပေးလိုက်တာပေါ့.. သူများက စေတနာနဲ့ကိုင်ပေးမဲ့ဟာကို
ငြင်းဖို့လည်း မသင့်ဘူးလေ ပေးလိုက်တာပေါ့ ရက်ရက်ရောရောကို… ကဲ အဲမှာစတော့တာပဲ.. သူအခု ရေးချင်တာ
တွေ ဘေးကလူတွေကြည့်လိုက်တော့လည်းချိုင့်လေးတွေကိုယ်ဆီနဲ့ အားလုံးနီးပါးဟာတနေ့လုပ်မှ တနေ့စားရတဲ့လ
ခစားလေးတွေကြီး တယောက်ကျော်နားကတယောက်ဆို သူ့ထက်တောင့်ငယ်အုံးမယ် ခန့်မှန်းကြည့်သလောက်ဆို
ရင် စတိုးဆိုင်လုပ်သားလေးဖြစ်လောက်တယ်။ လခလေး၃သောင်း၎သောင်းရဖို့အရေး တနေကုန်အောင်သူများဆီ
သွားပြီး ကျွန်ခံရလာတော့လည်း မိသားစုအတွက်တောင် မကျန်ကိုယ့်ဖိုးသာအနိုင်နိုင်ဆိုတော့ ဒီလူငယ်လေးရဲ့ အ
နာဂတ်ကဘယ်မှာလဲ။ သူဝတ်ချင်တာ သူ့သူငယ်ချင်းတွေဝတ်နေတာကို… သူလိုက်ဝတ်ချင်ခဲ့ရင်သူဝယ်ဝတ်နိုင်ပါ့
မလား။ မ၀ယ်နိုင်ရင်သူဘာလုပ်လိမ့်မလဲ။ သူစာရိတ္တကိုရောင်းစားလိမ့်မလား။အဲတာကရော ရောင်းလိုက်ရင်များများ
ကျန်ပါ့မလား။ ရောင်းလိုက်လို့ရော ကောင်းပါ့မလား။ ရောင်းရင်ဘာဖြစ်လာလိမ့်မလဲ ဒီလိုလူငယ်မျိုးတွေအများကြီး
သူထက်ဆိုးတဲ့ လူငယ်တွေတောင်ရှိအုံးမယ် ဒါပေမဲ့လခစားဘ၀နဲ့ ရုန်းကန်းနေရတဲ့ဘ၀တွေကြားမှာ ညီလေးအဆင်
ပြေပါ့မလား။ ညီလေးပညာရေးရော ဘယ်လောက်ရောက်ခဲ့ပြီး ခုရော ဘာတွေသင်ယူနေလဲ။ နောက်အရမ်းအရမ်းကို
တိုးတက်လာတော့မယ့်ခေတ်ကြီးမှာ တစ်လစာလေးနဲ့စားပြီးအိပ်၊ အိပ်ပြီးစားလုပ်နေတော့မှာလား ညီလေး။ ညီလေး
အတွက် ဘယ်လမ်းကြောင်းဟာသာယာပြီး၊ ပြီးပြည့်စုံတဲ့ဘ၀ကို ရောက်နိုင်ပါ့မလား။ ညီလေးဘာတွေ လုပ်နေသင့်
သလဲဆိုတာ အစ်ကိုတယောက်အနေနဲ့ တွေးကြည့်တယ် ခုလိုအပျက်ခေတ်ကြီးမှာကွာ စိတ်ပျက်ဖို့ကောင်းလွန်းပါ
တယ်။

သူစိတ်ထဲကနေတွေးပြီးမေးနေလိုက်တာ တော်တော်လည်းကြာရောသူဆင်းမဲ့ကားဂိတ်ကနီးလာပြီ အဲမှာဘာသွား
တွေ့မိလဲဆိုတော့… လူတွေအားလုံးနီးပါးလောက်ဟာ ခေါင်းလေးတွေငုပ်ပြီး ကျပ်ကျပ်တည်းတည်းချွေးသံရွှဲရွှဲကြီးနဲ့
စီးနေကြရတယ် အဆင်မပြေလိုက်တဲ့အနေအထားပဲ အတွေးထဲမှာပေါ်လာတာကငါတို့တွေ.. ခေါင်းငုံပြီးနေနေရတဲ့
Position နဲ့ပဲတော်ပြီလား အဲလိုပဲနောင်လာနောက်သားတွေရော ဒီလိုပဲဘ၀ခရီးနှင်ကြရမှာလား။ ငါတို့ခေတ်ကအဲလို
ခေါင်းငုပ်ပြီး ကိုယ်လိုရာရောက်ဖို့ ကျိတ်မှိတ်ပြီးမြင်သမျှကိုယ်နဲ့မဆိုင်သလိုနေတတ်ရ၊ နေကြရကြောင်း ပြောပြကြမှာ
လား။ အဲလို ခေါင်းငုံချည်းပဲမနေပဲ အနေအထားကောင်းကောင်းနဲ့ ကိုယ်လိုရာရောက်ဖို့ တမျိုးပြောင်းပြီး မကြိုးစား
ကြတော့ဘူးလား။ ကိုယ်လိုရာခရီးသွားနေစဉ်မှာပဲ ငတ်ပြတ်တောင်းစားလုယှက်ခိုးဝှက်စတဲ့ မကောင်းမှုတွေကိုကိုယ့်
ပတ်ဝန်းကျင်းမှာ နောက်ရာစုသစ်တွေထိတွေ့နေတာကိုလည်း ခေါင်းငုပ်နေပြီး၊ ကိုယ်အဲလိုဘ၀မရောက်ရင်ပြီးသာပဲ
လို့ဆိုပြီး ညီလေးတို့လိုတစ်လပုံမှန်ထမင်းစားဖို့သာသာလောက်တဲ့ လခလေးနဲ့လုပ်ကိုင်စားသောက်ရင်း ခေါင်းငုံ့ခံ
နေကြတော့မှာလား။ အဲဒီအတိုင်းခရီးဆက်သွားကြအုံးမှာလား။ ဒါဆိုကားအမိုးတွေက ဒီထက်ပိုပြီးနိမ့်လာခဲ့ရင် ထပ်ငုံ့
ပေးကြအုံးမှာလား။ စပယ်ယာပိုဆိုးလာပြီး ကိုယ့်ရပိုင်ခွင့်ဖြစ်တဲ့ မေ့ချင်ဆောင်ထားတဲ့ပြန်အမ်းငွေတွေအပေါ်.. ပေါ်
တင်ပဲမပေးဘူးတိုင်ချင်ရာတိုင်လို့ဆိုလာရင်ရော။ မရှိမဲ့ရှိမဲ့လခလေးထဲကပဲ့ပါနေတာကိုသိလိုက်ပါ့မလား။ ဒီအတိုင်း
သာဆက်နေကြမယ်ဆိုရင်တော့ နောက်လာမယ့်ဆယ်ရာစုနှစ်၂ခုများဟာ ပုံသွင်းပြီးသားခေါင်းငုံ့ခံလူတန်းစားတစ်
ရပ်ဟာ သိသိသာသာကြီးကို ဖောင်းပွလာတော့မှာ သေချာပါပဲ။ ဘတ်စ်ကားကျပ်တည်းခြင်း၊ သွားလိုရာခရီးကို သက်
သာလည်းအောင့်အီးပြီး သူတို့မျက်နှာကြည့်ကာ ခေါင်းငုံ့နေနေပါ့မယ်ဆိုတဲ့ ဘ၀ထဲကခရီးသည်များ အမြန်ဆုံးကိုယ်
ဘယ်ဘ၀မျိုးမှာ သက်ရှုကျပ်ကျပ်နဲ့သွားနေလာနေရတယ်ဆိုတာ မြင်မိလာပြီးသူတို့ရဲ့ ကိုယ့်ပိုင်အခွင့်ရေးရပိုင်ခွင့်တွေ
နဲ့ ဘ၀ခရီးသက်သာရာအမြန်ရကြပါစေလို့… သူဆုတောင်းနေမိရင်း လက်ထဲကချိုင့်လေးကို တရမ်းရမ်းနဲ့အိမ်ပြန်လာ
ခဲ့တော့တယ်။

စာရိတ္တပျက်ပြားနေသောအစိုးရ၀န်ထမ်းများ၊ ငတ်ပြတ်တောင်းရမ်းနေသူများနဲ့တစ်လစာလခလေးနဲ့ ပညာရေး၊ ပျော်
ရွှင်ဖွယ်လူငယ်ဘ၀လေးတွေကိုမြုပ်နှံထားရတဲ့ ညီလေးအများစုတို့…. သူနဲ့အတူ…လမ်းချိုင့်တွေအဖုတွေ.. အပေါက်
တွေနဲ့ ဆိုးဝါးလှတဲ့ရန်ကုန်မြို့လမ်းမကြီးပေါ်မှာ အမြန်ဆုံးလွတ်လပ်ချောင်လည်သောအနေထားနဲ့ခရီးသွားနိုင်ကျပါစေ။


Making Animated Heart with Photoshop

Posted by ဘိုဘို On 1 comments

igကျွန်တော်တို့ Photoshop နဲ့ လှုပ်ရှားနေတဲ့ အသည်းပုံလေးတခု ဖန်တီးရအောင်.. အရင်ဆုံး ကျွန်တော်တို့
စာမျက်နှာအသစ်တခုကို ခေါ်ပါမယ် .. 300x300px အရွယ်စာမျက်နှာ တခုကိုအရင်ဆုံး ပြုလုပ်ပါမယ်.. အဲနောက်
မှာ ပထမဆုံး Pen Tool [P] နဲ့ အသည်းပုံလေးတခုဆွဲပါမယ်.. အသည်းရဲ့အရောင်ကို #FD7FA3 အရောင်ဖြည့်ပါ
မယ်.. အရောင်ဖြည့်လိုက်ရင် အောက်မှာပြထားတဲ့ပုံလေးအတိုင်း ရရှိပါမယ်။
အဲနောက်မှာ Layer Style ထဲက Drop Shodow Box မှာ အောက်မှာ ပြထားတဲ့အတိုင်း Value တွေကို ဖြည့်ပါ
မယ်..
နောက် Inner Shadow Box မှာ


နောက် Inner Glow မှာ


နောက် Gradient Overlay မှာ


နောက် Outer Glow မှာ
နောက် Satin မှာ

ပြထားတဲ့အတိုင်း ထည့်ပြီးသွားပြီဆိုရင်တော့ အောက်မှာပြထားတဲ့ပုံလေးအတိုင်း ရရှိမှာဖြစ်ပါတယ်။

ပြထားတဲ့ပုံလေးအတိုင်းရရှိပြီဆိုရင်တော့ အဲပုံလေးကို Duplicate Layer [ Ctrl=J ] ဆိုပြီး Copy (၃)ကြိမ်
လုပ်ပါမယ်.. ပထမဆုံး Copy လုပ်ထားတဲ့ Layer ကို Free Transform Tool [ Ctrl+T ] နဲ့ Size ကို 95%
ထိလျှော့ချပါမယ်.. ဒုတိယ Copy လုပ်ထားတဲ့ Layer ကိုလည်း Free Transform Tool [ Ctrl+T ] နဲ့ပဲ
Size ကို 90% ထိလျှော့ချပါမယ်.. တတိယ Copy လုပ်ထားတဲ့ Layer ကိုလည်း Free Transform Tool
[ Ctrl+T ] နဲ့ပဲ Size ကို 85% ထိလျှော့ချပါမယ်.. အဲလိုလုပ်ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့
Photoshop Frame ထဲမှာ ဒီလိုပုံလေးအတိုင်းဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်..
အဲနောက်မှာ Orgianl Layer ကို အပေါ်ဆုံးမှာထားပါမယ်.. အဲနောက်မှာ 95% ထိလျှော့ချထားတဲ့ Layer
ကို Orgianl Layer အောက်မှာထားပါမယ်.. အဲအောက်မှာတော့ 90% ထိလျှော့ချထားတဲ့ Layer ကိုထားပါ
မယ်.. အဲအောက်မှာတော့ 85% ထိလျှော့ချထားတဲ့ Layer ကိုထားပါမယ်..

အားလုံးလုပ်ပြီးရင် Layer အားလုံးကို Select မှတ်ပြီး Window/Animation Box ကိုခေါ်ပါမယ်..
Animation Box ပေါ်လာရင် Animation Box ထဲမှာ Select မှတ်ထားတဲ့ အသည်းပုံ Layer တွေကို တွေ့ရ
ပါမယ်.. Animation Box မှာပေါ်နေတဲ့ No(1) အသည်းပုံက Select မှာပြီး Layer ထဲမှာ 85% ပေးထားတဲ့
အသည်းပုံတခုတည်းကိုပဲ မျက်လုံးလေဖွင့်ထားပြီး ကျန် အသည်းပုံ Layer (၃)ခုကို မျက်လုံးပိတ်ထားပါ
မယ်.. နောက် Animation Box မှာပေါ်နေတဲ့ No(2) အသည်းပုံက Select မှာပြီး Layer ထဲမှာ 85% & 9
0% ပေးထားတဲ့ အသည်းပုံတခုနှစ်ခုကို မျက်လုံးလေဖွင့်ထားပြီး ကျန် အသည်းပုံ Layer (၂)ခုကို မျက်လုံး
ပိတ်ထားပါမယ်.. အဲလိုပဲ Animation Box မှာပေါ်နေတဲ့ No(3) အသည်းပုံက Select မှာပြီး Layer ထဲမှာ
85%, 90% & 95% ပေးထားတဲ့ အသည်းပုံတခုသုံးခုကို မျက်လုံးလေဖွင့်ထားပြီး ကျန်အသည်းပုံ Layer (1)
ခုကို မျက်လုံးပိတ်ထားပါမယ်.. အဲနောက်မှာ နောက်ဆုံးကျန်တဲ့ Animation Box က No(4) အသည်းပုံက
Select မှာပြီး Layer ထဲအသည်းပုံတွေအားလုံးကို မျက်လုံးဖွင့်ထားပါမယ်။

အဲနောက်မှာ Animation Box မှာပေါ်နေတဲ့ အသည်းပုံတွေရဲ့အောက်က 0.sec မှာ Click လုပ်ပြီး Other မှာ
.03 ကိုချိန်းပါမယ်..အဲလိုချိန်းပြီးပီဆိုရင်တော့ Animation Box က Play Button လေးကို ကလစ်နှိပ်လိုက်ရင်
တော့ လှုပ်ရှားနေတဲ့ အသည်းပုံလေးကို ရရှိမှာဖြစ်ပါတယ်. အမြဲတမ်းလှုပ်ရှားစေချင်တယ်ဆိုရင်တော့ Once
နေရာမှာ Forever ကိုချိန်းပေးလိုက်ပါ.. အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်.. မရှင်းတာရှိရင် Cbox မှာပဲ
ဖြစ်ဖြစ် Comment ထားပြီး မေးနိုင်ပါတယ်..


HTML Color Code

Posted by ဘိုဘို On 08 August 2009 0 comments

,အခုကျွန်တော်တက်နေတဲ့ Web Essential သင်တန်းမှာ လက်ရှိသင်နေတဲ့ HTML မှာပါတဲ့ Color Code တွေကို
အလွယ်တကူရှာလို့ရအောင် စုစည်းပေးထားတာပါ.. အခုပေးလိုက်တဲ့ HTML Code တွေကို w3schools မှနေပြီး
ပြန်လည်ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။ အွန်လိုင်းမ၀င်ထားတဲ့အချိန်မှာ Color Code တွေကို အလွယ်တကူ
ထည့်သွင်းလို့ရအောင် ပြုလုပ်ထားတားဖြစ်ပါတယ်.. Photoshop မှာ ၀င်ကြည့်တာထက်စာရင် အခုလို .jpeg
ဖိုင်လေးကို ဖွင့်ထားပြီး ကြည့်တာက အချိန်ကုန်သက်သာစေမယ်လို့ ထင်မိပါတယ်။ အောက်မှ နမူနာပုံလေးကို
ပြထားပါတယ်။



ဒီပုံလေးကို အောက်ကလင့်မှာ မူရင်းဆိုဒ်အတိုင်း Download လုပ်နိုင်ပါတယ်.. အားလုံးအဆင်ပြေပါစေ...

Download Here: Mediafire (15"x10" Size - Zip)